Thursday, July 30, 2009

တို့အားလုံးအတွက်-စာမေးပွဲ

From Thit Sar A Lin Blog Website
မေမေ ချစ်သော သမီးလေး မစုမြတ်ရေ…
ဂုဏ်ထူး၅ဘာသာထွက်တယ်လို့ကြိုတင် ကြည့်ထား- သိထားပြီးမှ တကယ်တမ်း အောင်စာရင်းထွက်တော့ မြန်မာစာ ဂုဏ်ထူး(၁) ဘာသာ သာထဲ ပါလာတာကို..သမီးလေး တော်တော်ခံစားရမှာဆိုတာ မေမေ ကရုဏာ ဖြစ် နေမိပါတယ် သမီးရေ..။မေမေတို့ ဘဝတွေမှာစာမေးပွဲတွေက တော်တော်အရေးပါကြတယ်နော်..။ မေမေ လည်းတစ်ခါက Student Evaluation ဆိုတဲ့ စာမေးပွဲဋ္ဌာနမှာ အမှုထမ်းခဲ့ ဘူးတယ်…။ကျောင်းသားရဲ့ အရည်အချင်း ကို ဆုံးဖြတ်ပေးနိုင်ဘို့ မေးခွန်း ထုတ်တဲ့နည်းစံနစ်တွေ၊မေးခွန်းတစ်ခုရဲ့ Quality ကအစ စိစစ်ရပါတယ်။ မေးခွန်းဟာ မှတ်မိတာ(Memory-Recall)ကိုတိုင်းတာတဲ့မေးခွန်းတွေလား။ တွေးခေါ်နိုင်မှုစွမ်း ရည်၊ ကြံစည် နိုင်စွမ်း ၊ အသုံချနိုင်မှုစွမ်းရည်တွေ(Creativity)ကို တိုင်းတာတဲ့ မေးခွန်း မျိုးဖြစ် အောင်ထုတ် တတ် ဘို့ သင်ပေးခဲ့ရဘူးပါတယ် သမီးရေ..။ စာတွေ့တင်မကဘူး လက်တွေ့ ပါစစ်ဆေးရ ပါတယ်..။ အမှတ်ခြစ်ရင်တောင် ခုံနံပါတ်ကို Code လုပ်တာတွေ..အတော်အညံ့ Ramdomize လုပ်တာတွေနဲ့ အမျှတဆုံးဖြစ်စေရပါတယ်.. ။ဒါတောင်မှပဲ------စာမေးပွဲတွေ ဟာ တကယ်တန်း လူတစ်ယောက်ရဲ့ အရည် အချင်းကိုတိုင်းတာနိုင်ပါသလား ဆိုတဲ့မေးခွန်း ကိုမေမေ ပြန်မေး မိတယ်..။မတိုင်းတာ နိုင်ကြပါဘူး။ ဒါပေမဲ့လည်း သည့်ထက်ကောင်းတဲ့ တိုင်းတာရေးစနစ်ကို မတွေ့ သေးတော့လည်း ဒါကိုပဲ ကျင့်သုံးနေကြရပါတယ်..။တကယ်တော့လည်းသမီးရေ..မေမေတို့အားလုံးဟာ သံသရာ မှာကျင်လည်နေရသေးသရွေ့----၃၁ဘုံ ဆိုတဲ့ တက္ကသိုလ်ကြီှး ရဲ့ လူ့ဘုံ ဆိုတဲ့ ဋ္ဌာနအောက်မှာ အချိန်ပြည့်ကျောင်းသား အဖြစ် ကျောင်းတက်နေကြရပါတယ်။ အဲဒီတက္ကသိုလ်ကထုတ်တဲ့ မေးခွန်းနဲ့ စာမေးပွဲစနစ်ကတော့အကောင်းဆုံး Evaluation System အဖြစ်မေမေ တို့ စံပြုရပါလိမ့်မယ်သမီးရေ..။ အဲဒီ တက္ကသိုလ်ကပေးတဲ့ ဘွဲ့ တစ်ခုရခဲ့ပြီဆိုရင်တော့ ၃၁-ဘုံမှာ မျက်နှာငယ် စရာ မရှိတော့ ဘူးပေါ့။ဘွဲ့တွေ က တော့ အဆင့်ဆင့်ပေါ့သမီးရယ်..။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ၊ ရဟန္တာဆိုတဲ့ ဘွဲ့ လေးဆင့်ရှိပါတယ်သမီး။ ၃၁-ဘုံတက္ကသိုလ်ကြီးကပြဋ္ဌာန်းစာအုပ်ရှိတယ်သမီးရေ..။ သိပ်တော့မများပါဘူး။ ဘာသာရပ် လေးခုပဲရှိပါတယ်။အနိစ္စ၊ ဒုက္ခ ၊ အနတ္တ၊ အသုဘ ဆိုတဲ့ ပြဋ္ဌာန်းစာလေးဘာသာပါသမီး။ပြဋ္ဌာန်းထားတာတွေကို သေချာ သင်အံ လေ့ကျက် နေတဲ့သူရယ် ၊မထေမဲ့မြင်ပြုပြီး အလေလိုက်နေတဲ့လူရယ် နှစ်မျိုးနှစ်စားရှိပါတယ် ။ကျောင်းက အနိစ္စ ပါလို့ပြဋ္ဌာန်းထားတယ် မေမေတို့ က နိစ္စ လို့ ဖတ်ရှုနေတတ်တယ်။ဒုက္ခ လို့ပြဋ္ဌာန်းတာကို သုခလို့ ရှုမှတ်နေမိပြန်ပါသေးတယ်..။အနတ္တ ပါလို့ ဘယ်လို သင်ပြပြ မေမေတို့က အတ္တ ပါလို့ ကိုယ်ထင်သလို ဆွဲယူတတ်ပါသေးတယ်။အသုဘတွေ ပါလို့ ပြဋ္ဌာန်းပေမဲ့ သုဘ ပါလို့ ထင်မှတ်မှားကာ၊ သမုဒယတွေပွား နေခဲ့မိတာပေါ့..။အဲဒါဆို အလေလိုက်နေတဲ့ အုပ်စုထဲမှာပါဝင်သွားပြီး စာမေးပွဲကျကာ အပါယ်လေးဘုံ ကိုအပို့ခံရပါလိမ့်မယ်။မေမေတို့ဖြေရမဲ့ စာမေးပွဲက မေးခွန်းတွေ ကလည်း Question Out ထားပြီးသားပါ..။ မဖြေချင်ပါ ဘူးဆို လို့လဲ မရ..။ အမြဲအစစ်ခံနေကြရပါတယ်သမီးရေ..။ မေးခွန်းက ၈-ခုထဲပါ..။ Question Out ထားတာတောင် မေမေတို့ ဟာ စာမေးပွဲခဏခဏ ကျ နေခဲ့ဘူးတာပေါ့သမီးရေ..။မေးခွန်း၈-ခု ကတော့ လောကဓံတရား၈ပါးဆိုတဲ့မေးခွန်းတွေပါပဲ…။လောကဓံဆိုတဲ့ လောကဓမ္မ ဟာသတ္တဝါ တွေ မလွှဲမရှောင်သာပဲ အမြဲထိတွေ့ ခံစားနေကြရမဲ့ တရားတွေပါသမီးရယ်။ ကင်းလွတ်တယ် ဆိုတာမရှိပါ ဘူးနော်။ မေမေတို့ရဲ့ ကျေးဇူးတော်ရှင်မြတ်စွာဘုရား က အဲဒီ လောကဓမ္မ ၈-ပါးရဲ့အကြောင်းကို လောကဓံသုတ် မှာ ဟောကြားတော်မူခဲ့ပါတယ်သမီး။
(၁) လာဘ= လာဘ်ရခြင်း----- ပင်ပင်ပန်းပန်း ရှာကြံလုပ်ကိုင်လို့ပဲဖြစ်ဖြစ်၊မရှာကြံရပဲ ကံအားလျော်စွာ အလွယ် တကူ ပဲ ဖြစ်ဖြစ် ပစ္စည်းဥစ္စာတွေရရှိလာတာကိုလာဘ်ရတယ်ခေါ်ပါတယ်။
(၂) အလာဘ= လာဘ်မရခြင်း ---နှစ်သက်လိုချင်စဖွယ် အသုံးကျတဲ့ပစ္စည်းတွေကို မရရှိခြင်းနဲ့ ရထားပြီးတဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးသွားခြင်းတို့ကို လာဘ်မရခြင်းလို့ခေါ်ပါတယ်။
(၃) ယသ=အခြွေအရံများခြင်း----- အိမ်ထောင်ဘက်၊သားသမီး မိတ်ဆွေ သင်္ဂဟများနဲ့ တပည့်တပန်းများကို အခြွေအရံ လို့ခေါ်ပါတယ်။ ဒါတွေရှိတာအခြွေအရံ ရှိတာပါပဲသမီးရေ..။
(၄) အယသ= အခြွေအရံမရှိခြင်း------အထက်ကဆိုခဲ့တဲ့ အခြွေအရံ မရှိတာရော ရှိပြီးတဲ့အခြွေအရံတွေ ဆုံးရှုံးပျက်စီး သွားတာကိုရော အယသ လို့ခေါ်ပါတယ်။
(၅) နိန္ဒာ=ကဲ့ရဲ့ခြင်းနဲ့ အကဲ့ရဲ့ခံရခြင်း။ ကိုယ့်အကြောင်းမကောင်းပြောတာ ခံရတာတွေ။အနှိမ်ခံရတာတွေ လည်းပါတာ ပေါ့ သမီး။
(၆) ပသံသာ= ချီးမွမ်းခြင်းနဲ့ အချီးမွမ်းခံရခြင်း။
(၇)သုခ=ချမ်းသာခြင်း။ကိုယ်ချမ်းသာခြင်းနဲ့ စိတ်ချမ်းသာခြင်း နှစ်မျိုး ကိုဆိုလိုပါတယ်။
(၈) ဒုက္ခ=ဆင်းရဲခြင်း၊ကိုယ်ဆင်းရဲခြင်းနှင့်စိတ်ဆင်းရဲခြင်း နှစ်မျိုးကိုဆိုလိုပါတယ်။အကောင်းတရား လေးမျိုးနဲ့ မကောင်းတရား လေးမျိုး သည် ရှစ်မျိုး ဟာ သတ္တဝါတို့ရဲ့ နောက်ကို အရိပ်သဖွယ် အမြဲလိုက်နေကြပါတယ်..။ သူတို့ စစ်ဆေးအကဲဖြတ်နေတော့တာပေါ့သမီးရယ်။ပထမ အကောင်း လောကဓမ္မ မေးခွန်းလေးမျိုး ကိုမေမေတို့ တွေ့ကြုံရလို့ ဖြေဆိုတဲ့အခါ လောဘ ၊ မာန ဆိုတဲ့အဖြေ ဖြေမိတတ်ပါတယ်။ တကယ်တော့ အဖြေမှန်ဟာ မမြဲခြင်းဆိုတဲ့ အနိစ္စ ပါသမီး။ အဖြေမမှန်လို့ လည်းစာမေးပွဲ ခဏခဏ ကျခဲ့တာပေါ့။ပညာတွေ ဘယ်လောက်တတ်တတ်၊ ငွေကြေး ဘယ်လောက်ရှိရှိ၊ ရာထူးဂုဏ်သိမ် ဘယ်လိုပြည့်စုံ ပြည့်စုံ----အနိစ္စ ကျေမှ ဖြေနိုင်မှာပါသမီးရေ..။တစ်ခါ အဆိုးလောကဓံ တွေတွေ့ကြုံတဲ့အခါ မေမေတို့ ဖြေခဲ့ ကြတာ သောက၊ပရိဒေဝ၊ဒေါမနဿ လို့ဖြေမိ ပြန်ပါတယ်..။ပြဋ္ဌာန်းစာ ၄မျိုး (အနိစ္စ၊ဒုက္ခ၊အနတ္တ၊အသုဘ) ကို မကြေညက်လို့ပေါ့ သမီး။ပြဋ္ဌာန်းစာ အတိုင်း ဖြေဆို နိုင်ဘို့ မေမေတို့ ကြိုးစားကြရ အောင်ပါနော်။အဲလိုဖြေမိရင်---တဲ့ မေမေတို့ရဲ့ ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော်ဘုရားကြီး က ပြောတယ်… အဲလိုကြုံခဲ့လို့ အဲလိုဖြေမိရင် တရားတိုးကျင့်ပါအုံးလို့ သတိပေးတာလို့မှတ်ရမယ်တဲ့။ တင်းကနဲ ပူကနဲ ဖြစ်နေရင်အပါယ်ဇာတိ တဲ့။ ကျောင်းတောင်ဆက်မတက်နိုင်တော့ပဲ ဘွဲ့ ရနိုင်တဲ့သတိပဋ္ဌာန်တရား တွေတောင် မသင်နိုင်တော့ပဲ ကျောင်းကထွက်ပြီး အပါယ်သွားရပါလိမ့်မယ်သမီး။ဂုဏ်ထူးနည်းခြင်းဆိုတဲ့လောကဓံ စာမေးပွဲကသမီးကိုမေးနေပြီ သောက၊ပရိဒေဝ ဒေါမနဿ မဖြေမိစေ ပါနဲ့သမီးရယ်…။ရင်ထဲပူနေရင် ကိုယ်ဘဝပြောင်းတာ ကိုယ်သိနေရမယ်နော်၊ (အချိန်တိုင်းတွေးနေရင်း ဘဝပြောင်းနေ သည်။)ဆိုတာ အချိန်ပြည့် နှလုံးသွင်းနိုင်ပါစေသမီး။ အညံ့စားပုဂ္ဂိုလ် မဖြစ်စေနဲ့တော့။ အနာဂါတ်နဲ့ ပတ်သက်ပြီး အကြောင်း ညီညွတ်ရင် ဖြစ်လိမ်မယ့်….။ဖြစ်စေချင်တဲ့ပုံစံ အသေမချနဲ့တော့..။ ပုံစံချတဲ့အတိုင်းမဖြစ်ရင် ပူကြလောင်ကြရမှာ အသေအချာပဲကိုး။သေချိန်ကျရင် ကြုံရမဲ့ လောကဓံစာမေးပွဲကတော့ အတန်းတင်စာမေးပွဲကြီးပေါ့သမီးရယ်။ မသေချင်ပဲသေကြရ၊ မခွဲချင်ပဲခွဲကြရ၊ ပိုင်ဆိုင်တာတွေမထားချင်ပဲထားခဲ့ကြရ ဆိုတော့ တော်တော်တုန်လှုပ်ချောက်ခြား မှာနော်။မေမေတို့လက်တွေ့ဘဝထဲက နေ့စဉ် စစ်ဆေးနေတဲ့ အစမ်းစာမေးပွဲတွေ မှာ ကျနေရင် အတန်းတင် စာမေးပွဲမှာ ကူကယ်နိုင်ဘို့ ခဲယဉ်းပါလိမ့်မယ်။ပြဋ္ဌာန်းစာတွေ တော်တော်ကျေမှဖြစ်မှာပါသမီးရေ..။မေမေလည်း-မနက်ဖြန် ၃၀ရက်နေ့ဆိုရင် မေမေ့ကျောင်းက ဘွဲ့လာယူဘို့ဖိတ်ထားခဲ့ပါတယ်..။It will be your Great Day ,everybody is waiting for you တဲ့..။ မေမေ--မတက်ဖြစ်တော့ပါဘူး။၃၁ဘုံတက္ကသိုလ် ကပေးတဲ့ဘွဲ့ ရမှပဲ Great Day ဖြစ်တော့မှာပေါ့----သမီးရယ်။သမီးလေးလည်း မေမေတို့ကို အမြဲစစ်ဆေးနေတဲ့ လောကဓံစာမေးပွဲကိုသာ နကမ္ပတိ၊တုန်လှုပ်ခြင်းမရှိသော စိတ်နဲ့ ဘာသာစုံ ဂုဏ်ထူးထွက်အောင်ပြဋ္ဌာန်းစာ လေးဘာသာကို မပြတ်မလပ် ကြိုးစားကြပါစို့လား သမီးလေးရေ..။

Wednesday, July 29, 2009

ကိလေသာ ၁၀-ပါး

ကိလေသာ ၁၀-ပါး
ကိလေသာဟူသည်မှာ သတ္တဝါတို့ကို ညှင်းဆဲနှိပ်စက် ညစ်နွမ်းပင်ပန်းအောင် ပြုလုပ်တတ်သည့် အကုသိုလ် တရားဆိုးများ ဖြစ်ပါသည်။ ယင်းကိလေသာတရားတို့သည်-
၁) လောဘ= လိုချင်တပ်မက်မှု
၂) ဒေါသ= ကြမ်းတမ်းပြစ်မှားမှု
၃) မောဟ= အမှန်မသိမြင် မိုက်မဲမှု
၎) မာန= ထောင်လွှားတတ်ကြွမှု
ှု၅) ဒိဋ္ဌိ= အထင်အမြင် အယူအဆ လွဲမှားမှု
၆) ဝိစိကိစ္ဆာ= အမှန်မဆုံးဖြတ်နိုင်ပဲ ယုံမှားမှု
၇) ထိန= ပျင်းရိ ထိုင်းမှိုင်းလေးလံမှု
ှု၈) ဥဒ္ဓစ္စ= မငြိမ်မသက် လှုပ်ရှားပျံ့လွင်မှု
ှု၉) အဟိရိက= မကောင်းမှုပြုရန် မရှက်မှု
၁၀) အနောတ္တပ္ပ= မကောင်းမှုဖြစ်မှာ မကြောက်မှု-ဟူ၍ အကျဉ်းအားဖြင့် ၁၀-ပါးရှိသည်။
ကိလေသာ ၁၅၀၀။…..။ အကျယ်အားဖြင့်မူ ယင်းကိလေသာဆယ်ပါးကိုမူတည်၍ ကိလေသာ၏ အာရုံဖြစ်သော ရုပ် နာမ်တရား ၇၅-ပါးနှင့် မြှောက်ရသည်။ ၁၀X၇၅ = ၇၅၀။
ဤ၌-
(က) ရုပ်တရားဟူသည်မှာ နပ္ဖန္နရုပ် ၁၈-ပါးနှင့် လက္ခဏာရုပ် ၄-ပါး ပေါင်း ၂၂-ပါး။
(ခ) နာမ်တရားဟူသည်မှာ စိတ်-၁၊ စေတသိက်-၅၂၊ ပေါင်း ၅၃-ပါး။
(ဂ) ယင်းရုပ်တရား ၂၂-နှင့် နာမ်တရား-၅၃ ပေါင်း ရုပ် နာမ်တရား ၇၅ ဖြစ်သည်။
ဖော်ပြခဲ့သည့် ၇၅၀ ကို (အတွင်း အဇ္ဈတ္တနှင့် အပ ဗဟိဒ္ဓ) သန္တာန် ၂-ပါးဖြင့် မြှောက်လျှင်
၇၅၀X၂= ၁၅၀၀ ဖြစ်သည်။
ဇိနတ္ထပကာသနီကျမ်း နိဒါန်းမှ ကူးယူဖော်ပြပေးလိုက်တာပါ။
ကိလေသာ ၁၀-ပါးက နားလည်ရလွယ်ပါတယ်။ ဒါပေမဲ့ ကျယ်ဖွင့်ထားတဲ့ ၁၅၀၀-ကိလေသာတွေကတော့ အဘိဓမ္မာလေ့လာဖူးမှသာ ကောင်းစွာနားလည်ပါနိုင်ပါလိမ္မယ်။

သတိ- မြင့်မြတ်သောပုဂ္ဂိုလ်ဆိုတာ

1) ကိုယ်ကျိုးအတွက် စွန့်လွှတ်နိုင်ရတယ်။
2) သည်းခံမှု အပြည့်အ၀ရှိရတယ်။
3) သဘောထားကြီးရတယ်။
4) အရာရာမှာ ခွင့်လွှတ်နိုင်ရတယ်။
5) ကိုယ်ကျင့်တရားကောင်းရတယ်။
6) အများအတွက် အနစ်နာခံရတယ်။
7) ရတနာသုံးပါးကို အထူးလေးစားရတယ်။
8) ဘိုးဘွားမိဘများကို ပြုစုလုပ်ကျွေးရတယ်။
9) ဆရာသမားများကို ရိုသေကျိုးနွံရတယ်။
ဤ(၉)ချက်နှင့် ပြည့်စုံပါက မြင့်မြတ်သော ပုဂ္ဂိုလ်ဖြစ်၍ အပါယ်လေးပါးမှ လွတ်ပြီး နတ်ရွာနိဗ္ဗာန်လမ်းကြီး ပွင့်ပေတော့၏။
ရေးသားသူ..... သတ္တမမြောက်ကျော်အောင်စံထား(အမရပူရ)ဆရာတော်ကြီး

Monday, July 20, 2009

ဘာပဲဖြစ်ဖြစ်သိအောင်လုပ်ပါ...

မိမိရဲ့စိတ်မှာပဲဖြစ်ဖြစ်၊ ကိုယ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှ၊ ပေါ်သမျှကို သတိကပ်ပြီး လိုက်သိနိုင်ရင် ကောင်းပါတယ်။ ဒါဆိုရင် အဲဒီစိတ်ဟာ ရှေ့ဆက်ပြီး အစွဲတရားကင်းလာကာ ရပ်တန့်သွားပါလိမ့်မယ်။

Thursday, July 16, 2009

မဟာစည်ဆရာတော်၏တရားတော်

မဟာစည်ဆရာတော်၏နိဗ္ဗာန်အာရုံသို့ကူးသွား
ရှင်းလင်းချက်
{မဟာစည်ဆရာတော် ဘုရား ၏ ၀ိပဿနာ ရှုနည်းကျမ်း အကျဉ်းချုပ် စာမျက်နှာ ၂၇ မှ ကောက်နုတ်ပါသည်။}
ဤသို့ တက်လိုက်ကျလိုက်နဲ့ ဖြစ်နေသော ၀ိပဿနာဥာဏ် သည် ပင်လယ်ကူး သဘောင်္မှ လွှတ်လိုက်သော ငှက်နှင့်တူ၏။ တူပုံကား ရှေးခေတ် ကာလက ပင်လယ် ခရီးသည်တို့သည် ကမ်းစကျွန်း နီးရာအရပ်ကို မမှန်းဆ နိုင်သောအခါ၌ အသင့် ယူဆောင်ခဲ့သော ကျီးငှက်ကို လွှတ်လိုက်၍ စူးစမ်းကြ သတဲ့။ ထိုငှက်သည် သဘောင်္မှ ပျံသွား၍ အရပ်လေးမျက်နှာ၌ ကမ်းစကို ရှာသတဲ့။ ကမ်းကို မတွေ့ရ သေးလျင် သဘောင်္သို့သာ ပြန်၍ ပြန်၍ နားရသတဲ့။ နိဗ္ဗာန်ကို မျက်မှောက်ပြုလျက် မဂ်ဥာဏ် ဖြစ်လောက်အောင် ဥာဏ်အား မပြည့်သေး၍ တဖန် ကျဲကျဲ သွားခြင်းသည် ကမ်းစကို မတွေ့ရသော ထိုငှက်၏ သဘောင်္ကို ပြန်ပြန် ကပ်နားခြင်းနှင့် တူ၏။ ကမ်းအရပ်ကို မြင်လျင်ကား ထိုငှက်သည် သဘောင်္ဆီသို့ မပြန်လာ တော့ဘဲ ထိုကမ်းဆီ သို့သာလျင် တဟုန်တည်း ပျံသွားသတဲ့။ ဤအတူပင် ဤမှတ်သိမှု ၀ိပဿနာ ဥာဏ်သည်လည်း က္ကနြေ္ဒငါးပါး ရင့်သန်သော ခဏ၌ အမှတ် အထူး ကောင်းနေစဉ် အတွင်းမှာပင် တစ်ကြိမ်ထက် တစ်ကြိမ် သာ၍ သွက်လက် ရှင်းလင်းစွာ အနည်းဆုံး သုံးလေးခါမျှ သိမြင်ပြီးလျင် ထိမှု သိမှု ကြားမှု မြင်မှု စားမှု နံမှု စသောဤသင်္ခါရ ၆ မျိုးတို့တွင် (တွေ့ကြုံ လွယ်ရာကို ရှေးထား၍ စဉ်သည်) ထိုခဏ၌ ထင်ရှား ဖြစ်ပျက်သော သင်္ခါရ တစ်မျိုးမျိုးကို မှတ်သိပြီး သည်နှင့် တစ်ပြိုင်နက် မှတ်တဲ့ အာရုံနှင့် မှတ်သိမှု ဟူသော သင်္ခါရ အလုံးစုံ ကင်းပြတ် ချုပ်ငြိမ်းသော နိဗ္ဗာန်ကို မျက်မှောက် တွေ့မြင်လျက် မဂ်ဖိုလ် အဆင့်သို့ သာလျှင် ဆိုက်ရောက်သွား လေတော့၏။
ဤသို့ ဆိုက်ရောက် သွားသော သူအား ဆိုက်ရောက် ခါနီးတွင် ရှေးအဖို့က တစ်ကြိမ်ထက် တစ်ကြိမ် သွက်လက် ကောင်းမွန်သော မှတ်ချက်များလည်း ကောင်းစွာ ထင်ရှားပေ၏။ နောက်ဆုံး မှတ်ချက်၏ အခြားမဲ့၌ သင်္ခါရ အာရုံ အလုံးစုံကို စွန့်လွှတ်ပြီးလျင် သင်္ခါရ ကင်းပြတ် ချုပ်ငြိမ်းသော နိဗ္ဗာန် အာရုံသို့ ကူးပြောင်း သွားပုံလဲ ကောင်းစွာထင်ရှား၏။ ထို့ကြောင့်ပင်လျှင် ထိုသို့ရောက်ပြီးသော သူတို့သည် ဤသို့ ပြောပြတတ်ကုန်၏။
“အာရုံနဲ့ အမှတ်တွေ အကုန်လုံးတိကနဲ ပြတ်ပြီး ရပ်စဲသွားသည် “ဟူ၍လည်းကောင်း၊
”အာရုံနဲ့အမှတ်တွေအကုန်လုံးပြုတ်ကျသွားသည်”
ဟူ၍လည်းကောင်း၊
“ဆွဲကိုင်ထားရာမှလွတ်ကျသွားသလိုပင်အာရုံနှင့်အမှတ်တွေမှ
ကျွတ်လွတ်သွားသည်”ဟူ၍လည်းကောင်း၊
“အာရုံနဲ့အမှတ်တွေချုပ်ပြတ်သွားပုံကမီးတောက်ကလေးငြိမ်းသွားသလိုပင်သိပ်လျင်မြန်တာပဲ”ဟူ၍လည်းကောင်း၊
“အမှောင်ထဲမှအလင်းထဲသို့ရုတ်တရက်ရောက်သွားသလိုပင်အာရုံနှင့်အမှတ်တွေမှလွတ်သွားသည်”ဟူ၍လည်းကောင်း၊
“အရှူပ်ထဲမှအရှင်းထဲသို့ဖြုတ်ကနဲရောက်သွားသလိုပင်အာရုံနှင့်အမှတ်တွေမှလွတ်ထွက်သွားသည်” ဟူ၍လည်းကောင်း၊
“ရေထဲမှာ မြုပ်သွားသလိုပင် အာရုံရောမှတ်စိတ်ရောမြုပ်သွားသည်”ဟူ၍လည်းကောင်း၊ “ပြေးလာသောသူကိုဆီး၍တွန်းလိုက်သလိုပင်အာရုံနှင်အမှတ်ရပ်တန့်သွားသည်”ဟူ၍လည်းကောင်း၊
“အာရုံရောမှတ်စိတ်ရောပျောက်သွားသည်”ဟူ၍လည်းကောင်း
ဤသို့စသည်ဖြင့် ပြောပြတတ်ကြပေသည်။
သင်္ခါရ ချုပ်ငြိမ်းတဲ့ သဘောကို မျက်မှောက်တွေ့ရသော ထိုအချိန် ကာလ သည်လည်း မကြာမြင့် လှချေ။ တစ်ကြိမ် တည်းသော မှတ်သိမှု၏ ကာလကဲ့သို့ တစ်ခဏ ကလေးမျှ သာတည်း။ထို့နောင် ထိုသို့ ဖြစ်ပုံကို ပြန်၍ ဆင်ခြင်မိ၏။ အာရုံနှင့် အမှတ်တွေ ချုပ်ကင်းလျက် ငြိမ်းသွားတာဟာ တရားထူးပဲ ဟူ၍ ဖြစ်စေ၊ မဂ်ဖိုလ်နိဗ္ဗာန်ပဲ ဟူ၍ဖြစ်စေ၊ ဆင်ခြင်မိ၏။ အချို့သော သုတရှိသူ သည်ကား သင်္ခါရ ချုပ်ကင်းလျက် ငြိမ်းတဲ့ သဘောက နိဗ္ဗာန်ပဲ၊ ငြိမ်းရာသို့ ဆိုက်ရောက်လျက် မျက်မှောက် သိတာက မဂ်ဖိုလ်ပဲ၊ ငါသည် နိဗ္ဗာန်ကို မျက်မှောက်တွေ့ရပြီ၊ သောတပတ္တိမဂ်ဖိုလ် ရပြီ ဟု ဆင်ခြင်မိ၏။ ဤသို့သော ဆင်ခြင်မှုမှာ သင်္ခါရ ချုပ်ငြိမ်းမှုသို့ ဆိုက်ရောက်ပုံကို နာကြား မှတ်သားဖူးသော သူအား ကျန ပြည့်စုံစွာ ဖြစ်တတ်၏။ ထို့ပြင် ပယ်ပြီး ကင်းပြီးသော ကိလေသာ မပယ်ရသေး မကင်းသေးသော ကိလေသာတို့ကိုလည်း အချို့ ပုဂ္ဂိုလ်တို့သည် ဆင်ခြင် တတ်သေး၏။ ဆင်ခြင်ပြီးလျှင် ဖြစ်ဆဲ ကိုယ်စိတ် အမူအရာများကို မှတ်မြဲပင် မှတ်ပြန်၏။ ထိုအခါ၌ ရုပ်နာမ် အဖြစ်အပျက် များသည် ခပ်ကြမ်းကြမ်း ဖြစ်လျက် ထင်ပေါ်၏။ အစနှင့်အဆုံး အဖြစ်နှင့် အပျက် နှစ်ပါးလုံးပင် ပီပီသသ ထင်ရှား၏။ ထို့ကြောင့် အမှတ် ကျဲသွားသည် လျှောကျ သွားသည် ဟုထင်ရ၏။ အမှန်အားဖြင့်လည်း ဥဒယဗ္ဗယ ဥာဏ်သို့ ပြန်ရောက် နေပြီဖြစ်၍ လျောကျသည် မှန်ပေ၏။ထိုဥာဏ်သည် ဥဒယဗ္ဗယဥာဏ် ဖြစ်သောကြောင့် အလင်းရောင်နှင့် ပုံသဏ္ဍာန် အာရုံများကိုလည်း တွေ့ရတတ်၏။ အချို့မှာ ဒုက္ခ ဝေဒနာ ကလေးများ ကိုလည်း တစ်ခဏမျှ တွေ့ရတတ်၏။ အများ အားဖြင့်ကား အလွန်ကြည်လင်သော စိတ်များ အဆက်ဆက် ဖြစ်ပေါ်လျက် ရှိတတ်၏။ ထိုအခါမှာ ဟင်းလင်းပြင်၌ စိတ်တကိုယ်တည်း တည်နေရသလိုပင် ဟာတာ ရှင်းတင်းကြီး ဖြစ်လျက် အလွန်ချမ်းသာ၏။ အလွန်နေကောင်း၏။ ထိုစိတ် များကိုလည်း မမှတ်နိုင်။ မှတ်သော်လည်း ပိုင်းပိုင်းခြားခြား မသိနိုင်၊တခြားကိုလည်း စိတ်မကူးလို၊ စိတ်ကူး၍လည်း မဖြစ်နိုင်ဘဲ ကြည်လင် ချမ်းသာ လျက်သာ ရှိတတ်သည်။ ကြည်လင်သော ထိုစိတ်များ အားနည်းသွားသော အခါ၌ ဆက်၍ မှတ်လျင် အဖြစ်အပျက်ကို ရှင်းလင်းစွာ သိ၏။ အတန်ကြာလျှင် အသိမ်မွေ့ဆုံး အကောင်းဆုံး မှတ်သိမှုသို့ တဖန် ပြန်၍ရောက်တတ်၏။ ထိုအခါမှာ ဥာဏ်အားကောင်းလျှင် သင်္ခါရငြိမ်းတဲ့ သဘောသို့ ရှေးကလိုပင် ဆိုက်ရောက်သွားတတ်၏။ သမာဓိဥာဏ်ထက်သန်လျှင် ဤနည်းဖြင့် ခဏခဏလည်း ဆိုက်ရောက်တတ်၏။ ယခုကာလပုဂ္ဂိုလ်များမှာ ပထမ မဂ်ဖိုလ်ကိုရရန်သာ အဓိက ရည်ရွယ်ချက် ရှိသောကြောင့် ရောက်ပြီးသော ပထမဖိုလ်သို့သာလျှင် ထပ်ကာထပ်ကာ ရောက်ခြင်းပေတည်း။ ဤသည်ကား သောတာပတ္တိဖိုလ်သို့ ရောက်ပြီးသည့်တိုင်အောင် အားထုတ်ပုံ မှတ်စဉ်နှင့် ဥာဏ်ဖြင့်တွေ့မြင်ပုံပေတည်း။

မိုးကုတ်တရားတော်

မိုးကုတ်တရား ပတ္တမြားအမြုတေ အဆီအနှစ်များ

၁) ငါသည် မုချသေရမည်၊ အချိန်အပိုင်းသာလိုတော့သည်။
၂) ယနေ.လား နက်ဖြန်လား သေနိုင်ပါ၏။
၃) ရခဲ လှတဲ့လူဘ၀ကို အလွဲသုံးစားနဲ. အချိန်အလကားမဖြန်းပါနဲ.။
၎) မမျှော်လင့်ဘဲ ဗြန်းခနဲ နာလည်းနာနိုင်သည်။
၅) မမျှော်လင့်ဘဲ ဗြန်းခနဲ သေလည်းသေနိုင်သည်။
၆) ခန္ဓာကိုယ်က မွေးကတည်းက အသေဘက်တရစပ်ပြေးနေတယ်။
၇) မနေ.ကထက် ဒီနေ. သေဖို.တရက်ပိုနီးသွားပြီ။
ဂ) သက်တမ်းတိုတဲ့ဘ၀ကလေးမှာ တရားအားမထုတ်ဘဲနှင့်ချောင်ခိုနေရင် လူဖြစ်ရှုံးပြီမှတ်။
၉) အသေစောက ကိုယ်ကျိုးအနည်းကြီးနည်းပြီမှတ်။
၁၀) အပြေးမရတဲ့ခန္ဓာကိုယ်သုသာန်မရောက်ခင် မဂ္ဂင်အလုပ်မြန်မြန်လုပ်။
၁၁) လူပြောသူပြော မယုံပါနှင့် ခန္ဓာပြောတာသာ အယုံကြီးယုံပါ။
၁၂) လူပြောယုံတော့ သူများပါးစပ်လမ်းဆုံး
ခန္ဓာပြောတာယုံတော့မှ သံသရာလမ်းဆုံး

၁၃) ရှေ.နောက်ခွဲတတ်ပါစေ
သားရေးသားသမီးရေးနောက်ထား ကိုယ့်ကိုယ်ကိုကယ်တင်မယ့်အရေးရှေ.ထား။
၁၄) ကိုယ်ကိုသနားရင် ၀ိပသာနာလုပ်ကြ။
ကိုယ့်ကိုယ်ကိုမသနားရင် သားရေးသားသမီးရေး စီးပွားရေးလုပ်ကြ။
၁၅) ဘုန်းကြီးကပြောရက်လိုက်လေ မလုပ်ပါနဲ.
ခင်ဗျားတို.အဖြစ်က ဆိုးလွန်းလို. ဖော်ပြနေတာ
၁၆) ခင်ဗျားတို.မှာ ကိလေသာရေနစ်နေတာ လည်ပင်းရောက်နေပြီ
သေခါနီးတွေက သေခါဝေးတွေအတွက် ပူမနေနဲ.။

၁၇) ယခုသားနဲ. သမီးနဲ. ဆွေနဲ.မျိုးနဲ. ပစ္စည်းတွေနဲ.
ဒီလိုမသိပြုံးနေသလောက် သေခါနီးအိပ်ရာညောင်စောင်းမှာမျက်ရည်ကျရပါလိမ့်မယ်။

တဏှာအစု၊ဥာဏ်အစု
၁၈) တဏှာခိုင်းတိုင်းလုပ်တာသည် အရှက်မရှိလို.။

၁၉) အ၀ိဇ္ဇာ တဏှာကိန်းလာရင် အရှက်အကြောက်မရှိတော.ဘူး။
၂၀) ဒကာ ဒကာမတွေက ကျွန်သဘောက်ပီပီ တဏှာခိုင်းတိုင်းလုပ်နေတာပဲ။
၂၁) တဏှာခိုင်းတာလုပ်ရင် သေရင်အပါယ်ရောက်ပြီ။
၂၂) တဏှာအဖော်မလုပ်ပါနဲ. ဥာဏ်အဖော်လုပ်ပါ။
၂၃) ဥာဏ်မပါလျှင် ကံကချယ်လှယ်သွားလိမ့်မယ်။

၂၄) ကံစီမံတာ (၃၁)ဘုံ၊ ဥာဏ်စီမံတာ(၃၁)ဘုံအပြင်ဘက်။
၂၅) ကံအမိကံအဖမှ ဥာဏ်အမိဥာဏ်အဖသို.ပြောင်းပါ။
၂၆) နိဗ္ဗာန်သည် ကံအကျိုးမဟုတ်၊ ဥာဏ်၏အကျိုးဖြစ်၏၊
၂၇) အသေမဦးမီဥာဏ်ဦးမှတော့်တော့မည်။
၂၈) ဥာဏ်ဦးပြီး ၀ိပသာနာတရားအားထုတ်ပါ။
၂၉) ခန္ဓာ၏၀တ္တရားက အသေရှာတာ၊
ဥာဏ်၏ ၀တ္တရားကအသေရှောင်တာ။
၃၀) ကံစီမံတာ လူဘုံ၊နတ်ဘုံ၊၊ဗြဟ္မာဘုံ ဥာဏ်စီမံတာ နိဗ္ဗာန်။
၃၁) အသက်ကြီးလေလေ ကံမွဲ ဥာဏ်မွဲလေလေမှတ်။
၃၂) ကံမွဲတာအရေးမကြီး ဥာဏ်မွဲလျှင် နိဗ္ဗာန်မရနိုင်
သေခါနီးတွေက သေခါဝေးတွေအတွက် ပူတောင့်ပူပင်ဖြစ်မနေကြပါနဲ.
၃၃) နားကြီးကြီးနဲ. တရားနာပါ၊ နားကတရားနာ ဥာဏ်ကခန္ဓာလှည့်။
၃၄) ခန္ဓာအရှိက ဖြစ်ပျက်ပါ၊ဥာဏ်အသိက မဂ်ပါ။
၃၅) တရားနာရုံနှင့်မပြီး ခန္ဓာဥာဏ်စိုက်ပြီး အလုပ်လုပ်မှပြီးမယ်။
၃၆) သက်တမ်းတိုတဲ့ခေတ်မှာ ဥာဏ်ရှည်ကြီးတွေ မလိုက်ပါနဲ.
ဥာဏ်သုံးဆင့်နဲ.မဂ်ရနိုင်တယ်။
၃၇) ဖြစ်ပျက်မြင်အောင်ကြည့် ယထာဘူတဥာဏ်
ဖြစ်ပျက်မုန်းအောင်ကြည့်နိဗ္ဗိန္ဒဥာဏ်
ဖြစ်ပျက်ဆုံးအောင်ကြည့် မဂ်ဥာဏ်ဖိုလ်ဥာဏ်
ပစ္စုဝေက္ခဥာဏ်၊ ဒါလမ်းတိုလိုက်တဲ့တရား။
၃၈) ခန္ဓာအရှိဖြစ်ပျက်နဲ. ဥာဏ်အသိမဂ်တကယ်သိအောင်လုပ်ပါ။
၃၉) အလုပ်ပေးတရားဆိုတာ ခန္ဓာအရှိနှင့် ဥာဏ်အသိကိုက်အောင်လုပ်တာ။
၄၀) ရှေ.က အရှုခံတရားကို နောက်ကအရှုဥာဏ်ကလိုက်ရမယ်။
၄၁) လောကီမမဂ္ဂင်ငါးပါးကို ရှုဥာဏ်တရားလိုခေါ်တယ်။
၄၂) ရှုဥာဏ်တရားဆိုတာ အမောဟစိတ်ပါပဲ။

ခန္ဓာငါးပါး

၄၃) ဖောက်ပြန်ခံစား မှတ်သားပြုပြင် သိဝိသညာဏ် ငါးအင်ခန္ဓာမှတ်။
၄၄) ဘယ်ဗေဒင်မှမယုံနဲ ခန္ဓာကသူ.လမ်းသူပြေးနေတာ၊
မနေ.ကထက် ဒီနေ. သေဖို. တစ်ရက်ပိုနီးသွားပြီဆိုတာ အမှန်ဆုံးပဲ။
၄၅) ခင်ဗျားတို.က သူများပါးစပ်လမ်းဆုံးနေတယ်။
ဟိုလူပြော ဟုတ်နိုးနိုး
သည်လူပြော ဟုတ်နိုးနိုးနဲ.
လူ.၀ါဂွမ်းတွေပဲ။
၄၆) သူတစ်ပါးစိတ်အကဲခတ် မှားသော်ရှိ မှန်သော်ရှိ
ကိုယ့်စိတ်ကိုယ် အကဲခတ်မှ အမှန်ရမယ်။
ကိုယ့်စိတ် ဘာဖြစ်တယ်လို. ကိုယ်မသိတာ အရုပ်အဆိုးဆုံး။
၄၇) ဒီအိမ်မှာ ငါလူကြီးဆိုတော့ အိမ်တိုင်းမှာ ဒိဌိကြီးစိုးနေတယ်။
၄၈) အသက်ကြီးပြီဗျာ ဘ၀ကူးကောင်းဖို. အရေးကြီးတယ်တဲ့
သူကဖြင့် တရားသံလိုလိုနဲ. ဒိဌိသံကြီး။

ဒိဋ္ဌိအစု

၄၉) ဖွားဖက်တော် ရှင်ဆန္ဒ ဒိဋ္ဌိမဖြုတ်ဘဲ တရားအားထုတ်တာ
လေးဆယ့် ငါးနှစ် ကြာတာတောင် တရားမရနိုင်ဘူး။

၅၀) ဒိဋ္ဌိဆိုတာ ငရဲမျိုးစေ့ပါ။
၅၁) ယောနိသော မနသိကာရအရေးကြီးသည်
ငရဲမျိုးစေ့ ၀မ်းထဲရှိလျက်နှင့် သေပျော်ပြီဆိုခက်သေးသည်။
၅၂) ဒိဋ္ဌိမဖြုတ်ဘဲ အလုပ်လုပ်က နိဗ္ဗာန်မရနိုင်ပါ ဒိဋ္ဌိဖြုတ်လုပ်မှ နိဗ္ဗာန်ရနိုင်မည်။
၅၃) လိုရင်းကိုပြောရလျှင် ပုဂ္ဂိုလ်ကိုမငဲ့နိုင်ပါ
အ၀တ်ဝတ်တိုင်းဖြစ်နေတဲ့ ပဋိစ္စုသမုပ္ပာဒ် ဖြစ်စဉ် အ၀တ်ဝတ်တာလား
ငရဲမျိုးစေ့ရှာတာလား သတိမထားက အ၀တ်ဝတ်တိုင်း ဒိဋ္ဌိဖြစ်နေသည၊်
အ၀တ်မ၀တ်တတ်က အပါယ်သွားရတော့မည်။
၅၄) ဒိဋ္ဌိ မပြုတ်က ဘာလုပ်နေနေ အပါယ်တံခါးပွင့်နေတာ။
၅၅) မလ္လိကာမိဖုရားကြီးသေခါနီး သူပြုခဲ့တဲ့ အပြစ်ကလေး
ဝန်မချခဲ.ရတာလေး တစ်လုံးနဲ. အ၀ီစိကျတယ်။
ရှေ့ရေး နောင်ရေးခွဲပါ ရှေ့နောက်လွဲလို့မှတ်ပါ။
သက္ကာယ ဒိဋ္ဌိက အပါယ်ချလိုက်တာ။
၅၆) ဧလကပတ္တ အနှစ်နှစ်သောင်း ရဟန်းတရားအားထုတ်ရဲ့သားနဲ. နဂါးဖြစ်ရတယ်၊
ကုက္ကု စ္စုလေးကချလိုက်တာ။
ကဲဘယ်လောက်နာသလဲ။
၅၇) ဒိဋ္ဌိမပြုတ်က ငတ်သက်ရှည်
ဒီဒိဋ္ဌိ မဂ်နှင့်မဖြတ်ရင် မရတော့ပါ။
၅၈) အသက်ငါးဆယ် ကျော်တွေဟာ ကံကောင်းဥာဏ်ကောင်းတုန်းပါ။
ဒိဋ္ဌိပြုတ်ရေးက ဗလာဖြစ်နေတယ်။
၅၉) တစ်ကိုယ်လုံး အပ်သွားချစရာမရှိအောင် ငါတို.လုပ်တာ ဒိဋ္ဌိ
မွေးကတည်းက ငါ့ကိုယ်ငါ့ဟာဆိုတာ လူတိုင်းချည်ပြီးသား။
၆၀) နဂိုက တစ်ကိုယ်တည်းကြိုး
အသက်ကြီးလေ သားကြိုးကပတ်
သမီးကြိုးကပတ် မြေးကြိုးကပတ်ဆိုတော့
ကြိုးအထပ်ထပ်ဖြစ်လေ မလှုပ်နိုင်လေ။
၆၁) ၀ိပသာနာလုပ်တော့မယ်ဆိုရင် ဒိဋ္ဌိ အရင်ဖြုတ်ပါ။
၆၂) ရင်ဝလှံစူး ထိပ်ဦးမီးလောင် ဒိဋ္ဌိအမြန်ရှောင်ကြ။
၆၃) ဒိဋ္ဌိသတ်က တဏှာသတ်ထက်အရေးကြီးတယ်။
၆၄) ဒိဋ္ဌိအသိနှင့် ဖြုတ်ချင်ရင် ခန္ဓာပဋိစ္စုသမုပ္ပာဒ်ကို
အရင်ဆုံးနားလည်အောင်လုပ်ထားကြပါ။

နိဗ္ဗာန်အစု။
၆၅) ဘုန်းကံရှိတယ်လို.မှတ်ပါ။ သက္ကာယ ဒိဋ္ဌိပြုတ်တာနဲ. ပထမနိဗ္ဗာန်ရောက်ရမယ်။
၆၆) ကံကတော.ထူးကြပြီ ကံထူးပြီး ဥာဏ်ရူးမဖြစ်စေနဲ.။
၆၇) ဥာဏ်နားနဲ.ထောင်ကြပါ။
ဒီကနေ. ပထမနိဗ္ဗာန်ရောက်အောင်ဟောမယ်။
ပထမနိဗ္ဗာန်ရောက်အောင် နာမယ်ကျင့်မယ်လို အားခဲထားပါ။
ဘယ်တော.မှ မပြီးတဲ့အလုပ်တွေကြောင့်
မလာနိုင်ရင်မလာနဲ. အပါယ်သာသွားပေတော့။
၆၈) ရှေ.တရားတွေလို မအောက်မေ့နဲ.
ခုဖြတ်ရင် ခုပြတ်တယ်
ခန္ဓာဆုံးနည်း နိဿရည်းကိုပေးပါမယ်။
၆၉) တဏှာ နဲ.ဒေါသ၀င်လိုက်ထွက်လိုက်
ကိုယ့်သန္တာန်မှာ ဗွက်ပေါက်နေသော်လည်း မသိပါ။
၇၀) အပါယ်လေးပါးတံခါးကို မဂ်နဲ.ပိတ်ရတယ်
ကျောင်းဆောက် ဘုရားတည်တာလေးနဲ.မကယ်နိုင်
ရှုမူနဲ. ပယ်တာ မဂ်ကဖြတ်ပြီ နိဗ္ဗာန်ရပြီ။
၇၁) နိဗ္ဗာန်ရဖို. အနီးလေးပါ နိဗ္ဗာန်အဝေးကြီး ဆိုတာ မယုံပါနဲ. ခန္ဓာအဆုံး နိဗ္ဗာန်ပါ။
၇၂) ဖြစ်ပျက်ဆုံးသွားပါက မဂ်ဥာဏ်ပေါ်လာတယ်။
၇၃) ခန္ဓာကလောင်စာထင်း ဇရာမရဏကမီး။
၇၄) ဘယ်ခန္ဓာရရ လောင်စာနှင်. မီးတွဲလျက်ကြီးမှတ်ပါ စင်စစ်နိဗ္ဗာန်ဆိုတာ ခန္ဓာမရှိတာပါ။
၇၅) လောင်စာသိမ်းပြီး မီးငြိမ်းသည်.အလုပ်သည်မဂ္ဂင်ပဲ။
၇၆) ခန္ဓာက အနိစ္စု တွေ.တာကမဂ္ဂ
သေတာက သမုဒယ
ဆိုက်ရောက်တာ နိရောဓ၊
သိစ္စုာလေးချက် တပြိုက်နက် မဂ်၏ကိစ္စုာသာ။
၇၇) ဒုက္ခသိစ္စုာကို ပိုင်းခြားသိတာလည်း မဂ်ပဲ
သမုဒယသိစ္စုာကို ပယ်သတ်တာလည်း မဂ်ပဲ
နိရောဓသိစ္စုာကို ဆိုက်ရောက်တာလည်း မဂ်ပဲ
မဂ်သည် သုံးကိစ္စုဆောင်ရွက်သည်။
၇၈) လောင်စာသိမ်းပြီး မီးငြိမ်းသွားတာနိဗ္ဗာန်။
၇၉) ဒုက္ခခပ်သိမ်းငြိမ်းတာ နိဗ္ဗာန်။
၈၀) ကိလေသာအပူဓာတ်တွေ ငြိမ်းအေးသွားတာ နိဗ္ဗာန်။


Tuesday, July 14, 2009

Neat and easy ways to burn calories all day, every day!




You know that friend, the one who is always tapping her leg, getting up to straighten the bookshelf, the one who generally just can’t sit still? She’s likely burning an extra 200 to 300 calories a day on top of any workouts she does or the amount of calories she burns just being alive. This process is neatly called NEAT, which stands for “NonExercise Activity Thermogenesis” (say that 5 times fast!), and it’s essential for successful weight loss. Basically, it’s the extra stuff you do, physically, all day long that adds up. Make a point to add more “neat” into your day and you can zap another 500 calories! Here are a few ideas:
Do crunches in bed: You could burn about 20 calories in under 5 minutes just by drawing your knees to your chest 25 to 50 times, plus it strengthens your abs and gets your blood pumping.

Check out these 10 ways to boost your calorie burn
Dance around while getting dressed: Turn up the radio or listen to upbeat music on your iPod (if you can) while doing all your morning rituals—an hour of hip shakin’ can burn about 55 calories.


Tired of the belly fat? Dance it off!
Stand up! Don’t sit when you can be on your feet—you’ll burn about 40% more calories. So just take a stand—when you’re on the phone, watching kids at the playground, making small talk at a party.
Laugh: Watch something that’s consistently funny (like 30 Rock) and you could burn about 40 calories if you guffaw for 10 to 15 minutes straight.

2 Minutes to a happier, healthier you!
Walk, pace, jog down the hall: In other words, MOVE! Doing little bits of activity all day—taking the stairs to use the restroom on another floor at work, doing an extra lap around the grocery store—can help you burn an additional 375 calories a day!