ဆရာတော်အရှင်ဆန္ဒာဓိက
"အကောင်းကံချစ်မှ အချစ်ကံကောင်းမယ်" စာအုပ်နောက်ဖုံးမှ၊
တစ်ဖက်သားကိုနွေးနွေးထွေးထွေး
ချစ်ခင်တတ်ရင် ကိုယ့်ကို
နွေးနွေးထွေးထွေး ချစ်ခင်မယ့်သူ
ပေါ်လာမှာပါ။
တစ်ဖက်သားကို မြတ်မြတ်နိုးနိုး
ကြင်နာတတ်ရင် ကိုယ့်ကို
မြတ်မြတ်နိုးနိုး ကြင်နာမယ့်သူ
ရောက်လာမှာပါ။
တစ်ဖက်သားကို ထွေးထွေးပိုက်ပိုက်
ယုယတတ်ရင် ကိုယ့်ကို
ထွေးထွေးပိုက်ပိုက် ယုယမယ့်သူ
ရှိလာမှာပါ။
တူသောအကျိုးပေးတတ်တဲ့
ကံတရားကိုဘယ်သူများ
ဟန့်တားနိုင်တာမှတ်လို့.......
နဲနဲလေးတော့ လွဲနေတယ် (၃၀)
8 years ago
No comments:
Post a Comment